Print

အရေပြား ဘာကြောင့် ကြမ်းတမ်းခြောက်သွေ့တာလဲ

  01-Mar-2017
Preview Image

 

အရေပြား ကြမ်းတမ်းရခြင်းရဲ ့ အကြောင်းရင်းတစ်ချက်ကတော့ အစိုဓာတ်လုံလောက်အောင် မရလို့ပါပဲ။ နေနဲ့ လေဒဏ်၊ ရာသီဥတုဒဏ်နဲ့ အစာအာဟာရတွေ အသုံးပြုတဲ့ ဆပ်ပြာအမျိုးအစားတွေကြောင့်လဲ အရေပြား ခြောက်သွေ့ကြမ်းတမ်းတတ်ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ အရေပြားမှာဆိုရင် အသားအပေါ်ယံ အလွှာတွေ ကွာပြီးနေတာ၊ မျက်နှာသစ်ပြီး (ရေချိုးပြီး) အရေပြားတွေတင်းနေတာ စတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါ့အပြင် အရေပြားနီမြန်းပြီး ယားယံတာကိုလည်း အရေပြား ကြမ်းတမ်းတဲ့ လူတွေ ခံစားရတတ်ပါတယ်။ နောက်ထပ်ကတော့ အခြားအရေပြားအမျိုးအစားတွေထက်စာရင်ကြမ်းတမ်းတဲ့ အရေပြားရှိသူတွေဟာ အရေးအကြောင်းတွေပိုမိုဖြစ်လွယ်ပါသေးတယ်။ ဒီလို အရေပြားရှိသူတွေစာ ရေချိုးမယ်ဆိုရင် ရေနွေးနွေးနဲ့ ခပ်မြန်မြန် ချိုးပေးရမှာပါ။ သတိပြုရမှာက အရမ်းပူလွန်းတဲ့အပူချိန် မဖြစ်စေဖို့ပါပဲ။ ဆပ်ပြာဆိုရင်လည်း အပျော့စား အမျိုးအစားတွေကိုသာ သုံးရပါလိမ့်မယ်။ ရေချိုးပြီးလို့ ရေစင်အောင် သုတ်တဲ့အခါ မှာလည်း တဘက်နဲ့အသာဖွဖွတို့ပြီးမှသာသုတ်ပေးရမှာပါ။ပွတ်တိုက်ပြီးသုတ်တာမျိုး ရှောင်ကြဉ်ရပါမယ်။

 

ဒါ့အပြင် ခြောက်သွေ့ ကြမ်းတမ်းတဲ့ အရေပြားပိုင်ရှင်တွေ မမေ့ဖို့အတွက် နောက်ထပ်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ နေရောင်ခြည်လိမ်းဆေး (sunblock) ပါ။ ဒါကိုတော့ မဖြစ်မနေ အသုံးပြုရပါလိမ့်မယ်။ ရှားစောင်းလက်ပတ်အနှစ်ကိုု မျက်နှာပေါ်လိမ်းပေးခြင်းကလည်း အရေပြားခြောက်သွေ့ကြမ်းတမ်းတာကို သက်သာစေနိုင်ပါတယ်။ နို့ပါတဲ့ရေနဲ့ ရေချိုးပေးတာကလည်း အရေပြားကြမ်းတမ်းပြီး ယားယံတာကို လျော့ပါးစေနိုင်ပါတယ်။ ဒီလို ကြမ်းတမ်းသူတွေဟာ ကြက်ဥ၊ ပျားရည်၊ သံလွင်ဆီတို့ကို ရောပြီး မျက်နှာပြင်ကို မျက်နှာဖုံးစွပ်ဆေးအဖြစ် ၁၅ မိနစ်လောက် လိမ်းထားပေးခြင်းမျိုးလည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ငှက်ပျောသီး ဒါမှမဟုတ် ထောပတ်သီးအနှစ်တွေနဲ့ မျက်နှာပြင်ပေါ်လိမ်းထားပေးခြင်းဖြင့်လည်း အရေပြားခြောက်သွေ့ကြမ်းတမ်းခြင်းကို သက်သာစေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဧကရီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18